0

Professional ဆိုသည်မှာ

 1 year ago
source link: https://aungkoman.github.io/howto/2023/08/16/professional.html
Go to the source link to view the article. You can view the picture content, updated content and better typesetting reading experience. If the link is broken, please click the button below to view the snapshot at that time.
neoserver,ios ssh client

Professional ဆိုသည်မှာ

Professional ပရော်ဖက်ရှင်နယ်ဆိုတာနဲ့ ဘာကိုပြေးမြင်လဲ? ဘဝ မှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတွေနဲ့ ဆက်ဆံရတဲ့အခါ / အလုပ်အတူတူ တွဲလုပ်ရတဲ့အခါ စိတ်လုံခြုံ / စိတ်ချမ်းသာမှု ရသလောက် ပရော်ဖက်ရှင်နယ်မဆန်တဲ့သူတွေနဲ့ ဆက်ဆံရတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်ရတာတွေလည်း အခါခါရှိခဲ့ကြမှာပါ။ ဒီတော့ တစ်ယောက်ယောက်ကနေ ဒီလူကတော့ အတော်လေး ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ပြောရင် ဘာကို ပြေးမြင်ကြလဲ လို့ ကျွန်တော်နဲ့ နီးစပ်ပတ်သက်ရာ သူငယ်ချင်းတွေကို မေးဖြစ်တယ်။ ၁ ။ Skillful - ကျွမ်းကျင်မှု နယ်ပါယ်တစ်ခုမှာ ပရော်ဖက်ရှင်ကျတယ်လို့ ဆိုလိုက်ရင် ကျွန်တော်တော့ အဲ့လူဟာ Skillful ဖြစ်တယ်လို့ ပြေးမြင်မိတယ်။ ကျွမ်းကျင်မှုမရှိဘူး အခုမှ သင်ယူနေတဲ့သူ / စမ်းတစ်ဝါးဝါးဖြစ်နေတဲ့သူကိုတော့ ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ပြောဖို့ခက်မယ်။ ၂ ။ Ethic - ကျင့်ဝတ် / စေတနာ ဒါက အမျိုးသမီးနဲ့ ပရော်ဖက်ရှင်နယ်အပေါ် ငြင်းခုန်ဆွေးနွေးတဲ့ အချိန်မှာ သူပြောတဲ့ စကား။ ကျောင်းဆရာဆိုလည်း ဆရာကျင့်ဝတ် ဆရာတစ် ယောက် ရှိရမယ့် စေတနာ ဂရုဏာ စတာတွေ ရှိသင့်တယ် ပေါ့။ ဆရာဝန်ဆိုလည်း အယုတ်အလက်အမြတ်မရွေးကုမယ် စသည်ဖြင့် ဆိုထားတဲ့သစ္စာနဲ့အညီ ပြုမူနေထိုင်ရင် ပရော်ဖက်ရှင်နယ်ဆန်တဲ့သူလို့ ဆိုပါတော့။ ၃ ။ Commitment အာရုံစိုက်ပြီး အလုပ်လုပ်တာမျိုး သူငယ်ချင်းတစ်ယောက်ကတော့ Commitment လို့ ပြောတယ်။ ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို နေပူမရှောင် မိုးရွာေရှာင် အာရုံစိုက်ပြီးလုပ်တာမျိုး။ ကျွန်တော်တို့မှာက ပျင်းရိခြင်းက (၆) ပါးမက (၁၂) ပါးလောက်ရှိမယ်။​ အသည်းကွဲနေလို့ / သောကြာနေ့ညမှာ TGIF ဆိုပြီး သောက်စားပျော်ပါးတာ လွန်ပြီး စနေ တနင်္ဂနွေမှာ အရက်နာကျနေလို့ / ပူလို့ / ကွန်ပျူတာက နှေးကွေးလေးလံနေလို့ စသည်ဖြင့် အကြောင်းပြချက်တွေ မပေးပဲ အလုပ်နဲ့ ပက်သက်လာရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် အားထည့်ပြီး လုပ်ရင် ဒါ ပရော်ဖက်ရှင်နယ်ဆန်တာပဲလို ဆိုကြတယ်။
၄ ။ Work done successfully ကောင်းစွာအောင်မြင်ပေါက်ရောက်သောပေါ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ “ကောင်းစွာအောင်မြင်ပေါက်ရောက်ခဲ့ပြီးသော” ဆိုတဲ့ ဘွဲ့ယူတုန်းက သုံးခဲ့တဲ့ အသုံးအနှုန်းနဲ့ ပြောပြတယ်။​ ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ် ဆိုတဲ့ Client တွေကို�ရေတော့ ခပ်ပေးလိုက်ပါရဲ့ �ခွက်က စိမ့်နေတာတို့�ရေက မသန့်တာတို့�ပူလွန်း အေးလွန်းနေတာ�အစရှိသဖြင့် ရေသောက်ချင်လို့ ရေလာတောင်းတဲ့သူကို ရေတော့ ပေးပါရဲ့ ဒါပေမယ့် အဆင်မပြေဘူးပေါ့။�Software Development မှာတော့ ဒီထက်ပိုဆိုးတယ်။ Bug ပေါင်း သောင်းခြောက်ထောင်နဲ့ ပရောဂျက်ကို အပ်တာမျိုး။ ပရော်ဖက်ရှင်မယ် ကျတဲ့သူက ဒါမျိုး မဖြစ်အောင် ထောင့်စေ့အောင် စဥ်းစား စီစစ်ပေးထားတယ်လို့ ဆိုတယ်။ ဒီတော့ လူတစ်ယာက်ကို ပရော်ဖက်ရှင်နယ်ဆန်တယ်ဟေ့လို့ အညွှန်းခံရင် ကျွန်တော်တို့ ပြေးမြင်တာက အဲ့လူက သူ့နယ်ပယ်မှာ ကျွမ်းကျင်မယ် ၊ ကျင့်ဝတ်နဲ့အညီ စေတနာလည်း ရှိမယ် ၊ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်လို့ အားကိုးနိုင်မယ် နောက်ပြီး အပ်ထားတဲ့အလုပ်ကလည်း လှည့်ကြည့်စရာမလိုအောင် အဆင်ပြေမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပရော်ဖက်ရှင်နယ် ဆန်ခဲ့တဲ့အချိန်တွေ ရှိသလို Client နဲ့ Bad Blood တွေဖြစ်ပြီး ပရောက်ဖက်ရှင်နယ် မဆန်ခဲ့တာတွေလည်း အကြိမ်အရေအတွက်မနည်း။ ဘဝကတော့ မအေးအေးဝင်းစီစဉ်တာ မဟုတ်တော့ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူရင်း နောက်ထပ်အမှားအသစ်တွေ ဆက်ကျူးလွန်ကြတာပေါ့။ ခင်ဗျားတို့ရော ကိုယ့်နယ်ပယ်မှာကိုယ် ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ခံစားကြရလား? မလုပ်မရှုပ်မပြုတ်နဲ့ပဲ ရေနွေးအိုးထဲက ဖားလို နေနေကြလား? ပရော်ဖက်ရှင်နယ်ဆိုတဲ့အပေါ်ကိုရော ဘယ်လိုမြင်ကြ


About Joyk


Aggregate valuable and interesting links.
Joyk means Joy of geeK