1

တန်ခိုးသြဇာ ရှိစေနည်း ၄၈ ပါး — ၁/၆ Thar Htet

 1 year ago
source link: https://aungkoman.github.io/howto/2023/06/27/laws-of-powers.html
Go to the source link to view the article. You can view the picture content, updated content and better typesetting reading experience. If the link is broken, please click the button below to view the snapshot at that time.
neoserver,ios ssh client

တန်ခိုးသြဇာ ရှိစေနည်း ၄၈ ပါး — ၁/၆ Thar Htet

ဒါက Medium မှာ ဖတ်မိတာကို ကူးလာတာပါ။ တစ်ချို့ စာတွေက အများစုရဲ့ Moral တွေ Standard တွေနဲ့ မကိုက်တာတွေ ပါပေမယ့် တကယ် အပြင်လောကမှာလည်း ဖြစ်ပျက်နေကြတာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် ချင့်ချိန်ယုံဖို့ပါပဲ။ ——————– The 48 Laws of Power ကို တိုက်ရိုက် ဘာသာပြန်ဖို့ အလွန်ခက်ပါလိမ့်မည်။ စာရေးဆရာ “Robert Greene” က ဥပဒေသ တစ်ခုခြင်းစီ၏ သမိုင်းကြောင်း၊ ဇာတ်လမ်း၊ လူပုဂ္ဂိုလ်နှင့် ၎င်းတို့ဆက်စပ်ဖြစ်ပျက်သော အကြောင်းအရာများကို ပြေပြစ်သော်လည်း၊ အဆင့်မြင့်သည့့်အင်္ဂလိပ် ဘာသာ အဖွဲ့အနွဲ့များဖြင့် ရေးသားထားသည်။ မည်မျှပင် မြန်မာမှုပြုသော်လည်း မူရင်းအရသာကို မီမည်မဟုတ်။ သို့သော် ဥပဒေသ တစ်ခုခြင်းစီ၏ လိုရင်းတိုရှင်း အနက်ကို ဘာသာပြန်လျှင်ပင် အသုံးဝင်ပေလိမ့်မည်။ ဥပဒေသအချို့မှာ အများ၏ စံသတ်မှတ်ချက် စာရိတ္တမဏ္ဍိုင်နှင့် ဆန့်ကျင်ဖက်များဖြစ်ကြသည်။ စာရေးသူသည် ၎င်းတို့ကိုသိလျက်နှင့်ပင် ဆန့်ကျင်ဘက်သဘော ထင်ရှားစေခြင်းငှာ ရေးသားထားပုံရသည်။ ချင့်ချိန်၍သာ လက်ခံကြပါလေ။ ကျွနု်ပ်၏ အာဘော်မပါ၊ မူရင်းဆိုလိုချက်၏ အဓိကအချက် ဘာသာပြန် အကျဉ်းရုံးကို စုစည်းရေးသားလိုက်သည်။ အကျယ်ကို မူရင်းစာအုပ်တွင် ရှုလေ။ — ဥပဒေသ (၁) အထက်လူကြီးထက် သာလွန်ကြောင်းမပြနှင့်။ ကိုယ့်အထက် လူကြီးအား သူသည် သာလွန်မြင့်မြတ်ကြောင်း ထင်မြင် ခံစား မိပါစေ။ ၎င်း စိတ်ကျေနပ်ပြီး မိမိအား သဘောကျ အထင်ကြီးစေလိုပါက၊ ကိုယ့် အရည်အချင်းကို များစွာ ဖော်ထုတ်ပြသခြင်း မပြုဘဲ ၎င်းသည်သာ ထူးခြားပြောင်မြောက်စွာ၊ လက်ဖျားခါလောက်အောင်၊ ပိုတော်ကြောင်း၊ ပိုတတ်ကြောင်း ထင်ရှားအောင်ပြုသင့်သည်။ သင့်ဂုဏ်ကိုသာ ဖော်ပါက ၎င်းအား စိုးရိမ်ကြောက်ရွံ့ခြင်း၊ စိတ်အားငယ်၊ လိပ်ပြာမလုံခြင်းများကို ဖြစ်စေပေမည်။ လိုက်နာသူသည် တန်ခိုးသြဇာ ရှိပေလိမ့်မည်။ ဥပဒေသ (၂) မိတ်ဆွေများကို အလုံးစုံမယုံလေနှင့်၊ ရန်သူများကို အသုံးချတတ်ပါစေ။ မိတ်ဆွေများတွင် အားကျ၊ မနာလိုစိတ် လွယ်လွယ် ပေါ်ကာ မြန်မြန်ဆန်ဆန် သစ္စာဖောက် နိုင်သဖြင့် သတိကြီးစွာထားသင့်သည်။ ၎င်းတို့သည် တစ်ချိန်ချိန်တွင် ပျက်ဆီးကာ နိုင်လိုမင်းထက် ပြုမူလာနိုင်သည်။ ရန်သူဟောင်းကို ပူးပေါင်းခိုင်းစေခြင်း ပြုသင့်သည်။ ၎င်းသည် သူ၏ သစ္စာခံမှုကို သက်သေပြရန် ပိုမိုကြိုးစားရသဖြင့် မိတ်ဆွေထက် သစ္စာပိုရှိလေသည်။ ရန်သူမရှိလျှင်၊ ရှိအောင် နည်းလမ်းရှာပါလေ။ ဥပဒေသ (၃) ကိုယ့်ရည်ရွယ်ရင်းအကြောင်းကို ဖုံးကွယ်ထားပါ။ ကိုယ့်လုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ရင်းကို ဘယ်တော့မှာ မဖော်ပြဘဲ၊ အများ မသိမမြင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ရမည်။ ကိုယ့်ရည်ရွယ်ရင်းက ဘာကြောင့်ဟု အစအနပင် ရှာမရပါက ၎င်းတို့ ကာကွယ်ရန် ပြင်ဆင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့အား မှိုင်းတိုက်ကာ လမ်းမှားတွင် တော်တော်လေး ခရီးရောက်စေပြီးမှ ကိုယ့်ရည်ရွယ်ရင်းကို သဘောပေါက်သွားသော် ၎င်းတို့အဖို့ လွန်စွာ နောက်ကျနေပေလိမ့်မည်။ ဥပဒေသ (၄) အကြောင်းအရာကို လိုအပ်သည်ထက် အမြဲတမ်းလျှော့ပြောပါ။ ကိုယ့်အား လူအထင်ကြီးအောင် စကားဖြင့်ဆွဲဆောင်ရာတွင်၊ များများပြောလေ ကိုယ်သည် သာမန် ဖြစ်ကြောင်း ပိုမိုပေါ်လွင်လာလေဖြစ်သည်။ မသဲမကွဲ ဝိုးတိုးဝါးတား မပြည့်မစုံ ပဟေဠိဆန်ဆန် ပြောလျှင် အဆန်းမဟုတ်သော စကားကိုပင် စကားထူး အဖြစ်ထင်မြင်ကြပေလိမ့်မည်။ တန်ခိုးထွားသူသည် အကြောင်းကို လျှော့ပြောခြင်းဖြင့် လူအများ အထင်ကြီးစေ၊ မျှော်လင့် စေလေသည်။ စကားများများပြောလျှင်၊ အမှားများများ ပါနိုင်လေသည်။ ဥပဒေသ (၅) မိမိ၏ နာမည်၊ ဂုဏ်သတင်းသည်ကို အသက်တမျှစောင့်ရှောက်ပါ။ တန်ခိုး သြဇာ၏ အုတ်မြစ်မှာ ကိုယ့်နာမည် ဂုဏ်သတင်းပင်ဖြစ်သည်။ နာမည်ကြီးရုံ တစ်ခုတည်းနှင့်ပင် ကြောက်လန့်စေကာ အနိုင်ယူနိုင်သည်။ တစ်ကြိမ်မျှ ချွတ်ချော်သွားလျှင် ပျော့ကွက်ရှိသွားပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံရပေလိမ့်မည်။ ကိုယ့်နာမည်ဂုဏ်ကို ထိုးနှက်ပုတ်ခတ် မရနိုင်အောင် တည်ဆောက်ထားရမည်။ တိုက်ခိုက်ခံရနိုင်သည့် အလားအလာများကို သတိပြုပြီး မဖြစ်ခင် ကြိုတင် ဖျက်ထားရမည်။ တစ်ချိန်တည်းမှာပဲ ကိုယ့် ရန်သူ၏ နာမည်ဂုဏ်သတင်း ပျော့ကွက်များကို သုံးပြီး ဟာကွက်အပေါက်ရှာကာ အနိုင်ယူတတ်ရမည်။ ပြီးလျှင် အမျာထင်မြင်ယူဆချက်များဖြင့် ကြိုးကွင်းစွပ် ခံရခြင်းကို ဘေးက ရပ်ကြည့်နေရုံပင်။ ဥပဒေသ (၆) အများ ဂရုပြုမှု ခံရစေရန် အစွမ်းကုန်လုပ်ယူပါ။ အရာရာတိုင်းကို ပုံပန်းသဏ္ဍာန် အမြင်ဖြင့် အကဲဖြတ်လေ့ရှိကြသည်။ မမြင်နိုင်သော အရာ အတွက် ထည့်မစဉ်းစားကြပေ။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို လူအများကြားတွင် မေ့လျော့ နစ်မြုပ်ပျောက်ကွယ် မနေစေနှင့်။ ထူးခြား နေပါစေ။ အစွမ်းကုန် သိသာထင်ရှား ပေါ်လွင်နေပါစေ။ ရှိုးတိုးရှန့်တန့်၊ အရောအနှော လူများထက် ထူးခြားဆန်းပြား၊ အရောင်အသွေးစုံလင်၊ ကြီးကျယ်မြင့်မြတ်ကြောင်း ပေါ်လွင်စေပြီး လူအများ၏ ဂရုပြုမှုကို ဆွဲယူနိုင်ရမည်။ ဥပဒေသ (၇) အမြဲတမ်း သူများတွေကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်း၊ နာမည်ကောင်းကို ကိုယ်ပဲယူပါ။ သူများတွေရဲ့ ကာယအား၊ ဉာဏအား တွေကို သုံးပြီး ကိုယ့်ရည်မှန်းချက် ကို အကောင်အထည်ဖော်ပါ။ ဤနည်းဖြင့် သင်၏ အဖိုးတန် အချိန်နှင့် အင်အားကို သက်သာစေရုံသာမက၊ လွန်စွာ လျှင်မြန်၊ ထိရောက်စွာ လုပ်ကိုင်နိုင်သော ဆရာ တစ်ဆူနှယ် ထင်ခံရမည်။ အဆုံးတွင် ထောက်ပံ့ဆောင်ရွက်သူများမှာ အမေ့ခံဖြစ်သွားပြီသင့်နာမည်သာ တွင်ကျန်ရစ်ပေမည်။ သူများကလုပ်ပေးနိုင်သည့် အရာမှန်သမျှ ကိုယ့်ဖာသာကိုယ် မလုပ်ပါနဲ့။ ဥပဒေသ (၈) တစ်ခြားလူတွေသာ ကိုယ့်ဆီလာပါစေ။ လိုအပ်လျှင်မျှားခေါ်ပါ။ အခြားလူကို လုပ်ခိုင်းနိုင်လျှင်၊ သင်ထိန်းချုပ်နိုင်သည်။ အမြဲတမ်း တစ်ဘက်လူကို ကိုယ့်ဆီကို လာအောင် လုပ်နိုင်လျှင် ပိုကောင်းသည်။ ထိုစဉ် အတွင်း ၎င်းသည် သူ၏ အစီအစဉ်များကို ချန်ထားခဲ့ရပေသည်။ တပ်မက်လောက်စရာ တစ်ခုခုဖြင့် မျှားခေါ်၊ ပြီးမှ အနိုင်ယူပါ။ ကိုယ်က ထိန်းချုပ်နိုင်ပေမည်။ ဆက်ပါဦးမည်…

https://kotharthar.medium.com/%E1%80%90%E1%80%94%E1%80%BA%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%BC%E1%80%87%E1%80%AC-%E1%80%9B%E1%80%BE%E1%80%AD%E1%80%85%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8-%E1%81%84%E1%81%88-%E1%80%95%E1%80%AB%E1%80%B8-%E1%81%81-%E1%81%86-314020d005ca?fbclid=IwAR1B5sqX0sa6IjveaFWTVPoA4b4S7bJGs8MzcmW5vka4AmQdazHDict-X8o


About Joyk


Aggregate valuable and interesting links.
Joyk means Joy of geeK